ကမ္ဘာပေါ်မှာရှိသမျှ အင်တာနက်လိပ်စာ၊ ဝက်ဆိုက်ဒ်လိပ်စာ (Domain Name) တွေကို အမေရိကန်မှာရှိတဲ့ ICANN (Internet Corporation for Assigned Names and Numbers) အင်တာနက်နာမည်တွေနဲ့ ကိန်းဂဏန်း၊ နံပါတ်တွေကို စီမံအုပ်ချုပ် တာဝန်ယူဆောင်ရွက်ပေးတဲ့ အင်တာနက်အဖွဲ့စည်းတစ်ခုမှာ မှတ်ပုံတင်ရပါတယ်။ Domain Name ရောင်းတဲ့ ကုမ္ပဏီတွေလည်း ICANN ရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းအရပဲ ရောင်းရပြီး တစ်ခုနဲ့တစ်ခု ဈေးနှုန်းမတူတဲ့ Domain Name ရောင်းတဲ့ ကုမ္ပဏီပေါင်းများစွာရှိပါတယ်။
လူသိများ၊ အသုံးများတဲ့ Domain Name Extension များ ဥပမာ (.com, .net, .info, .org, .me, .pro, .co, etc...) တွေကို Top-Level Domains (TLDs) ( or) Generic Top-Level Domains (gTLDs) လို့ ခေါ်ပါတယ်။
နိုင်ငံနာမည် Domain Name Extension များ ဥပမာ (မြန်မာ Domain Name Extension ဖြစ်တဲ့ .mm, အိန္ဒြိယ .in, တရုတ် .cn, အမေရိကန် .us, အင်္ဂလန် .uk, စင်ကာပူ .sg, ထိုင်း .th, etc...) တွေကို Country Code Top-Level Domains (ccTLDs) လို့ခေါ်ပါတယ်။
အကယ်၍ သင်ဝယ်ချင်တဲ့ Domain Name (ဥပမာ - myanmarstore.com) က ဝယ်လို့မရတော့ဘူးဆိုရင် .com အစား myanmarstore.net, .org, .info တစ်ခုခုနဲ့ ဝယ်လို့ရတယ်။ .com ပါတာပဲ လိုချင်တယ်ဆိုရင် မြန်မာ Domain ဖြစ်တဲ့ myanmarstore.com.mm ကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန သို့မဟုတ် အစိုးရကခွင့်ပြုထားပြီး .com.mm ရောင်းတဲ့ ကုမ္ပဏီတွေမှာ ဝယ်လို့ရတယ်။ (.com, .net, .info)တွေ မကြိုက်လို့ နောက်တစ်ခု ပြောင်းရွေးမယ်ဆိုရင် Store နဲ့ ဆိုင်တာဖြစ်လို့ myanmar.store ကို ရွေးဝယ်လို့ရတယ်။
သင်က အိုင်တီသမားဆိုရင် .it (အီတလီနိုင်ငံ code name), ဒီဇိုင်နာဆိုရင် .design, ဓာတ်ပုံဆရာဆိုရင် . photo, . photographer, ပရိုဂရမ်မာဆိုရင် .dev,
.codes, . program, အင်ဂျင်နီယာဆိုရင် .engineer/engineering, ဆရာဝန်ဆိုရင် .doctor, သွားဆရာဝန်ဆိုရင် .dentist/dental အစရှိသဖြင့် ကိုယ်နဲ့ဆိုင်တဲ့ TLDs Domain Name ပေါင်း 1000+ ရှိတဲ့ extension တွေကို ရွေးဝယ်လိုရပါတယ်။